အိမ်ခြံမြေ (ဂရန်မြေ) တစ်ခုကို အရောင်းအဝယ်လုပ်တဲ့အခါ ရောင်းသူ၊ ဝယ်သူတွေ မဖြစ်မနေ သိထားသင့်သည့် အခွန်ကိစ္စ (၃) မျိုး

အိမ်ခြံမြေ (ဂရန်မြေ) တစ်ခုကို အရောင်းအဝယ်လုပ်တဲ့အခါ ရောင်းသူ၊ ဝယ်သူတွေ မဖြစ်မနေ သိထားသင့်သည့် အခွန်ကိစ္စ (၃) မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့ -

  • ရောင်းသူက ဆောင်ရမယ့် ရောင်းခွန်
  • ဝယ်သူက ဆောင်ရမယ့် ဝယ်ခွန်
  • ဝယ်သူက ဆောင်ရမယ့် တံဆိတ်ခေါင်းခွန်

တို့ ဖြစ်ကြပါတယ်။

ဒီအခွန်ကိစ္စတွေကို သိရှိထားပြီး ရောင်းသူ၊ ဝယ်သူအကြား ရှင်းရှင်းလင်းလင်း ဖြစ်အောင် စရန်စာချုပ် ချုပ်ဆိုကတည်းက ရောင်းသူက ရောင်းခွန်ဆောင်၊ ဝယ်သူက ဝယ်ခွန်နှင့် တံဆိတ်ခေါင်းခွန်ဆောင် ရပါမယ်လို့ အတိအလင်းရေးသားပြီး စာချုပ်ချုပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

အဲ့သည့်လို ထည့်သွင်းချုပ်ဆိုမထားရင်တော့ ဝယ်ယူသူက ၎င်းအမည်ပေါက်ပြောင်းလဲတဲ့အခါ အခွန်ဆောင်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရောင်းသူ၊ ဝယ်သူအကြား အငြင်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။

ရောင်းခွန် ဆိုတာ အိမ်ခြံမြေရောင်းချရာမှာ ရောင်းသူက ရရှိတဲ့အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ်ပေးဆောင်ရတာဖြစ်ပါတယ်။ ဥပမာ ဦးဘ က မြေကွက်တစ်ကွက်ကို ၂၀၂၀ ခုနှစ်မှာ သိန်း ၁၀၀၀ နဲ့ ဝယ်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ သိန်း ၅၀၀၀၀ နဲ့ ပြန်ရောင်းတဲ့အခါ သူရလိုက်တဲ့ မြတ်စွန်းငွေ သိန်း ၄၀၀၀ ရဲ့ ၁၀ ရာခိုင်းနှုန်းဖြစ်တဲ့ သိန်း ၄၀၀ ပေးဆောင်မှာ ဖြစ်ပါတယ်။

ဝယ်ခွန် ဝယ်ခွန်ကတော့ ဝယ်ယူသူဘက်က ဆောင်ရမှာဖြစ်ပြီး ပေးဆောင်ရမယ့်နှုန်းထားတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ၁ ကျပ်မှ သိန်း ၃၀၀၀ အထိ ၃%
  • သိန်း ၃၀၀၀ မှ သိန်း ၆၀၀၀ အထိ ၅%
  • သိန်း ၆၀၀၀ မှ သိန်း ၁၀၀၀၀ အထိ ၁၀%
  • သိန်း ၁၀၀၀၀ မှ သိန်း ၃၀၀၀၀ အထိ ၁၅%
  • သိန်း ၃၀၀၀၀ အထက် ၃၀%

တံဆိတ်ခေါင်းခွန် ဟာလည်း ဝယ်သူဘက်ကဆောင်ရမယ့် အခွန်ဖြစ်ပြီး ရာဖြတ်ဌာနက အရောင်းအဝယ်ပြုလုပ်သော အိမ်ခြံမြေအတွက် သတ်မှတ်တဲ့ နှုန်းထားအပေါ် ၂% နှင့် အပိုထမ်း ၂% (စုစုပေါင်း ၄%) ပေးဆောင်ရမှာဖြစ်ပါတယ်။

Crd: https://t.me/Legalservi

Comments

Popular posts from this blog

dmmsh-wlr for managing outputs in Wayland using wlr-randr

rebase or no-rebase for git pull

My Neovim Setup