နှုတ်ကျန်ဂရန် နှင့် နှုတ်ကျန်ဂရန်ကို ဝယ်မယ်ဆိုရင်

နှုတ်ကျန်ဂရန်ဆိုတာ ဂရန်မြေကွက်ကြီးတစ်ခုထဲကနေ ဧရိယာအစိတ်အပိုင်းတစ်ခုကို ဂရန်အမည်ပေါက်ခွဲထုတ်သွားပြီးနောက် ကျန်တဲ့ဧရိယာအစိတ်အပိုင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီလိုဆိုရင် နှုတ်ကျန်ဂရန်ကို ဝယ်သူအမည်ပေါက် ဆက်လုပ်လို့ရပါ့မလားဆိုတာ သိချင်ကြပါလိမ့်မယ်။ ရပါတယ်။ စာရွက်စာတမ်းစုံလင်ရင် ရပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းစဥ်တွေက ပထမဆုံး ခွဲစိတ်မြေပုံ၊ မြေတိုင်းမြေပုံ၊ တိုင်းခွဲအတည်ပြုမြေပုံနဲ့ အရောင်းမြေပုံတွေကို ကူးယူရပါမယ်။ အကယ်၍ တစ်ဖက်က (ရောင်းသူဘက်က) ပြုလုပ်ထားတဲ့ မြေပုံတွေဟာ သက်တမ်းကျန်သေးတယ် ငှားရမ်းပေးမယ်ဆိုရင် အရောင်းမြေပုံကလွဲပြီး ကျန်တဲ့မြေပုံတွေကို ထပ်ပြီး ကူးယူစရာမလိုတော့ပါဘူး။ ပြီးတော့မှ ရာဖြတ်ဌာနတင်ပြီး အခွန်ထမ်းဆောင်ရပါမယ်။ ပြီးရင် အရောင်းအဝယ်စာချုပ်ကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ရပါမယ်။ ဒီလိုနည်းနဲ့ နှုတ်ကျန်ဂရန်ကို ဝယ်ယူပြီး အမည်ပေါက်ပြုလုပ်နိုင်ပါတယ်။ အချိန်အားဖြင့် ၁ လကျော်ကြာမြင့်ပြီးတဲ့နောက်မှာ ဂရန်ခွဲစာအုပ်ရရှိနိုင်ပါတယ်။

Crd: https://t.me/Legalservi

Comments

Popular posts from this blog

dmmsh-wlr for managing outputs in Wayland using wlr-randr

My Neovim Setup

rebase or no-rebase for git pull