မြေရှင် သဘောတူလက်မှတ်မထိုးရင် အပျောက်တိုက်ခန်း ကို လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသလား

အပျောက်စနစ်နဲ့ ဝယ်ယူထားတဲ့ တိုက်ခန်းကို အရောင်းအဝယ်လုပ်ရာမှာ ဝယ်သူနဲ့ ဈေးညှိပြီး အဆင်ပြေပါလျက် မြေရှင်က သဘောတူလက်မှတ်ထိုးခကို မတန်တဆတောင်းလို့ စိတ်ညစ်ကြရတဲ့လူတွေ ရှိပါလိမ့်မယ်။ အများအားဖြင့် ၁% တောင်းလေ့ရှိကြပြီး တချို့က ၅% အထိ တောင်းကြတာတွေ ကြားဖူးပါတယ်။ ဒီတော့ အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ ကန်ထရိုက်တိုက်ခန်းကို မြေရှင်ရဲ့ သဘောတူလက်မှတ်ပါမှ လွှဲပြောင်းရောင်းချခွင့်ရှိတာလား? ဆိုတဲ့ မေးခွန်းက မေးစရာဖြစ်လာပါတယ်။ ဒီကိစ္စဟာ ရန်ကုန်မှာပဲ ကြုံရများတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။

ထိုမေးခွန်းအတွက် အတိုဆုံးအဖြေမှာ ဥပဒေပြဌာန်းချက်မရှိပါ ဟူ၍သာဖြစ်ပါသည်။ တိုက်ခန်းပိုင်ရှင် (အိမ်ငှား) သည် အပျောက်စနစ်ဖြင့် ဝယ်ယူထားသော တိုက်ခန်းအား တစ်ဆင့်ပြန်လည်ရောင်းချသည့်အခါ မြေရှင် (အိမ်ရှင်) ၏ သဘောတူညီချက်ကို ရယူပြီးမှ ဆောင်ရွက်ရမည်ဟု ဥပဒေတွင် ပြဌာန်းချက်မရှိပါ။ [i]

အပျောက်စနစ်ဆိုသည်မှာ (နေထိုင်ပိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာ (တိုက်ခန်း) အား လွှဲပြောင်းရယူခြင်း) ကို ဆိုလိုသည်။
*** ဒေါ်ငွေသန်း နှင့် ဒေါ်သိန်းညွန့် အမှု (၁၉၉၃ မတစ ၁၇)

ထို့ကြောင့် မတရား မတန်တဆတောင်းခံသည့် မြေရှင်၏ သဘတာတူလက်မှတ်မလိုဘဲ ရောင်းသူ ဝယ်သူတို့ အဆင်ပြေလျှင် အပျောက်စနစ် (တိုက်ခန်း) အား လွှဲပြောင်းရောင်းချနိုင်ပါသည်။


ကြည့်ရန်

၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ အရ အပျောက်စနစ်တိုက်ခန်းကိစ္စတွင် မြေရှင် နှင့် တိုက်ခန်းပိုင်ရှင် အသုံးအနှုန်းများအစား အိမ်ရှင်၊ အိမ်ငှား ဟူ၍သာ သုံးစွဲပါသည်။

Crd: https://t.me/Legalservi

Comments

Popular posts from this blog

dmmsh-wlr for managing outputs in Wayland using wlr-randr

My Neovim Setup

rebase or no-rebase for git pull